Friday, November 2, 2007

ယနေ့ စစ်အစိုးရက နှစ်စဉ်ကျင်းပနေတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ ဗိုလ်ချုပ်အောင်ဆန်းတိုက်ယူပေးခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့အသက်နဲ့လဲယူပေးခဲ့တဲ့ လွတ်လပ်ရေးအောက်မှာ နေထိုင်ကြီးပြင်း၊ လွတ်လပ်းရေးရဲ့ အသီးအပွင့်၊ အရသာကို ပျော်ပျော်ကြီးခံစားရင်း လွတ်လပ်ရေးနေ့အခမ်းအနားများ၊ ညစာစားပွဲများကျင်းပ၊ လွတ်လပ်ရေးနေ့မိန့်ခွန်းများ ချွေနေချိန်မှာ ဗိုလ်ချုပ်ရဲ့သမီးကို မလွတ်မလပ်နဲ့ အကျဉ်းချထားတာ တရားပါသလား။
အဖေ အသက်နဲ့လဲ တိုက်ပေးခဲ့တဲ့ လွတ်လပ်းရေးကို ပွဲလမ်းသဘင်၊ အခမ်းအနားနဲ့ စစ်အစိုးရက ကျင်းပနေချိန်မှာ သူ့သမီးဟာ အခြေခံလွတ်လပ်ခွင့်တွေကို ဆုံးရှုံးနေတယ်။ စစ်အစိုးရရဲ့မတရား အကျဉ်းချခံနေရတယ်။
ဒါဟာတရားပါသလား။
အို..... အဖေပေးတဲ့လွတ်လပ်ရေးကို ကိုယ်ကခံစား၊ အဖေ့သမီးကိုတော့ ကိုယ်ကအကျဉ်းချထား... ရှက်ဖွယ်။