Friday, November 2, 2007

ယနေ့ စစ်အစိုးရက နှစ်စဉ်ကျင်းပနေတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ ဗိုလ်ချုပ်အောင်ဆန်းတိုက်ယူပေးခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့အသက်နဲ့လဲယူပေးခဲ့တဲ့ လွတ်လပ်ရေးအောက်မှာ နေထိုင်ကြီးပြင်း၊ လွတ်လပ်းရေးရဲ့ အသီးအပွင့်၊ အရသာကို ပျော်ပျော်ကြီးခံစားရင်း လွတ်လပ်ရေးနေ့အခမ်းအနားများ၊ ညစာစားပွဲများကျင်းပ၊ လွတ်လပ်ရေးနေ့မိန့်ခွန်းများ ချွေနေချိန်မှာ ဗိုလ်ချုပ်ရဲ့သမီးကို မလွတ်မလပ်နဲ့ အကျဉ်းချထားတာ တရားပါသလား။
အဖေ အသက်နဲ့လဲ တိုက်ပေးခဲ့တဲ့ လွတ်လပ်းရေးကို ပွဲလမ်းသဘင်၊ အခမ်းအနားနဲ့ စစ်အစိုးရက ကျင်းပနေချိန်မှာ သူ့သမီးဟာ အခြေခံလွတ်လပ်ခွင့်တွေကို ဆုံးရှုံးနေတယ်။ စစ်အစိုးရရဲ့မတရား အကျဉ်းချခံနေရတယ်။
ဒါဟာတရားပါသလား။
အို..... အဖေပေးတဲ့လွတ်လပ်ရေးကို ကိုယ်ကခံစား၊ အဖေ့သမီးကိုတော့ ကိုယ်ကအကျဉ်းချထား... ရှက်ဖွယ်။

Wednesday, October 24, 2007

တို့မြန်မာတွေ ............

အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ မြန်မာပြည်ကြီး ကျရောက်နေစဉ်ခါက သူ့ကျွန်မခံ၊ လွတ်မြောက် ရေးအးတွက် အသက်ပေးပြီး တိုက်ပွဲဝင်ကြတယ်။ အငတ်ခံ၊ ဆင်းရဲခံပြီး အင်္ဂလိပ်ကို အာခံကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် အင်္ဂလိပ်ကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။

ဖက်ဆစ်ဂျပန်လက်အောက်မှာ မြန်မာပြည်ကြီး ကျရောက်နေစဉ်ခါက သူ့ကျွန်မခံ၊ လွတ်မြောက် ရေးအးတွက် အသက်ပေးပြီး တိုက်ပွဲဝင်ကြတယ်။ အငတ်ခံ၊ ဆင်းရဲခံပြီး ဖက်ဆစ်ကို အာခံကြ တယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် ဖက်ဆစ်ကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။

ဆိုရှယ်လစ်အမည်ခံအာဏာရှင်လက်အောက်မှာ မြန်မာပြည်ကြီးကျရောက်နေစဉ်ခါက ပြည်သူ တွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တိုးတက်မှုအတွက် အသက်ပေးလို့ ဆိုရှယ်လစ်စနစ်ကို တော်လှန်ခဲ့ကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် မဆလနဲ့ စစ်အစိုးရကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။

အာဏာရှင်စစ်အစိုးရလက်ထက်မှာလဲ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ဆင်းရဲ မွဲတေခြင်းမှ လွတ်မြောက်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် စစ်အစိုးရကို ကူညီလို့ ဆန္ဒပြကြတဲ့ မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။

နောင်တစ်နေ့မှာ ငါ့အဘိုးက နယ်ချဲ့တော်လှန်ရေးသမား၊ ငါ့အဖိုးက ဖက်ဆစ်ဆန့်ကျင်ရေးသမား၊ ငါ့အဖေက ၈၈၈၈မှာ တိုက်ပွဲဝင်ခဲ့သူလို့ မြစ်၊ မြေး၊ သားတွေပြောနေချိန်မှာ သူရဲကောင်းတို့ရဲ့ မျိုးဆက်အဖြစ် ဂုဏ်ဝင့်ချိန်မှာတော့ နယ်ချဲ့ကိုကူညီခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို အားပေးခဲ့သူ၊ ၈၈ကိုဖိနှိပ်ခဲ့တဲ့ လုံထိန်းနဲ့ စစ်တပ်ရဲ့ မျိုးဆက်အဖြစ် ဘယ်သူဆိုဝံ့ခဲ့သလဲ။

အများရဲ့ ရွံရှာမုန်းတီးမှု၊ ပစ်ပယ်မှုအောက်မှာ ရာဇ၀င်လောက်ကောင်များရဲ့ မျိုးဆက်များအဖြစ် မိသားစု မြစ်၊ မြေး၊ သား၊ သမီးအဖြစ် ဘယ်သူရှင်သန်ဝံ့ခဲ့သလဲ။

စဉ်းစားကြပါအုံး။

အမှန်တရားအတွက် တကယ်ပဲသင်ရပ်တည်ခဲ့ပါသလား။

(ဆန္ဒပြသူ၊ မေတ္တာပို့သူများအား ရက်စက်စွာဖြိုခွင်းရက်ခဲ့သူများနှင့် မိသားစုဝင်များသို့.........)

Wednesday, October 10, 2007

Will Chinese Government give pressure on Myanmar Military Junta?

The whole world is giving pressure on Chinese Government and it's 2008 Olympic for their supports to Myanmar Junta. All the nations asked Chinese government to pursue Myanmar Military Junta to talk with their opposition groups.

Will Chinese government do stop supporting Myanmar Military Junta?

We should remember that
1. Chinese government have a foreign policy of no interfering in internal issues from regional countries.
2. They did brutal crack down in their country in 1989, Tiananmen Square protests of 1989.
3. The ways they used in Tibet and what happened to Dalai Lama and other Tibet monks.
4. They also are hard to compromise with their opposition group. In China, they can't let the people to correct them back as well.

So my concern is how we can give effective pressure on China to stop supporting to Myanmar Military Junta.

It's not easy.

But we have to try. We have to try everything to stop China supports to Myanmar Military Junta.